Western Zodiac အကြောင်း
ရာသီ ၁၂ ခုကို lifetime, yearly, monthly, daily အလိုက် တွက်ပြီး ဖတ်နိုင်ပါတယ်။
Western Zodiac ဆိုတာ မွေးနေ့အချိန်မှာ နေတည်ရှိတဲ့ ရာသီလက္ခဏာကို အဓိကထားဖတ်တဲ့ စနစ်ဖြစ်ပါတယ်။ Aries ကနေ Pisces အထိ ၁၂ ရာသီရှိပြီး တစ်ရာသီချင်းစီမှာ သင်္ကေတ၊ ဓာတ်၊ စိတ်နေစိတ်ထား၊ ချစ်ရေး၊ အလုပ်အကိုင်နဲ့ ဘဝရွေးချယ်မှုအပေါ် သက်ရောက်တဲ့ အဓိက theme တွေရှိပါတယ်။
ဒီ page မှာ birth calculator နဲ့ သင့်ရာသီကိုတွက်နိုင်သလို အောက်က card တွေကိုနှိပ်ပြီး ရာသီတစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ကိုလည်း ဖတ်နိုင်ပါတယ်။ ရာသီဗေဒင်ကို တိတိကျကျ ဖတ်ချင်ရင် နေရာသီတစ်ခုတည်းမက လ၊ Ascendant၊ ဂြိုလ်နေရာတွေပါထည့်ဖတ်ရပေမယ့် ဒီ system မှာတော့ လူအများဆုံးသုံးတဲ့ Sun sign အခြေခံနဲ့ လွယ်လွယ်ဖတ်နိုင်အောင် စီထားပါတယ်။
ဗေဒင်ဟောချက်ကို လုံးဝသတ်မှတ်ပြီးသား ကံကြမ္မာအဖြစ်မယူဘဲ ကိုယ့်စိတ်နေစိတ်ထား၊ အားသာချက်၊ အားနည်းချက်ကို သတိထားဖို့ reflection tool အဖြစ်အသုံးပြုရင် ပိုအသုံးဝင်ပါတယ်။